kscc.karennistate.com
kscc.karennistate.com
  • HOME
  • ABOUT KSCC
  • POLICY
  • NEWSROOM AND RESOURCES
  • CONTACT
  • More
    • HOME
    • ABOUT KSCC
    • POLICY
    • NEWSROOM AND RESOURCES
    • CONTACT
  • HOME
  • ABOUT KSCC
  • POLICY
  • NEWSROOM AND RESOURCES
  • CONTACT

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ မိတ်ဆက်

ကြားကာလမှ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည့် ကာလအထိ ပြည်နယ် အတွင်းရှိ ကရင်နီအမျိုးသားများနှင့် ပြည်နယ်သားအားလုံးအတူတကွပူးပေါင်း၍ မိမိ ပြည်နယ်၏ သယံဇာတ များကို ကိုယ်ပိုင်ခွဲ‌ဝေစီမံခန့်ခွဲပိုင်ခွင့်နှင့် မိမိယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာများအား ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပိုင်ခွင့်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများအား ကိုယ်ပိုင်ပြဌာန်း ပိုင်ခွင့်နှင့်အညီ လုပ်ပိုင်ခွင့်အပြည့်အ၀ ရှိရန် အတွက် လည်းကောင်း၊ ကရင်နီပြည်သူလူထုတစ်ရပ်လုံး ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဝိုင်းဝန်းတည်ဆောက်ပြီး ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွယှဉ်တွဲ နေထိုင်ရေးအတွက် လည်းကောင်း ရည်ရွယ်၍ကရင်နီပြည်အတိုင်ပင်ခံကောင်စီအား အောက်ပါ အစု၊ အဖွဲ့ကြီး (၅) ခုဖြင့် ၂၀၂၁ ခုနှစ် ဧပြီလတွင် စတင်ဖွဲ့စည်းထားရှိသည်။ 

(က) ကရင်နီပြည်အတွင်းရှိ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ အစုအဖွဲ့ ၊

(ခ) နိုင်ငံရေးပါတီကိုယ်စားပြု အစုအဖွဲ့၊

(ဂ) ကရင်နီပြည် ဥပဒေပြုရေးကော်မတီ ကော်မတီဝင်များ အစုအဖွဲ့၊

(ဃ)လူငယ်များအင်အားစု ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲအစည်းများ အစုအဖွဲ့ ၊                                                                       

(င)အမျိုးသမီးကိုယ်စားပြု အစုအဖွဲ့။

Find out more

Site Content

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ၏ လုပ်ငန်းများ

ကရင်နီပြည်အတိုင်ပင်ခံကောင်စီသည် ကရင်နီပြည် ၏ အစုအဖွဲ့များကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆုံမှတ်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုများကို ဦးဆောင်ခြင်း နှင့် အုပ်ချုပ်ရေး တရားစီရင်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ မူဝါဒများချမှတ်ခြင်း ၊ တင်ပြလာသည့် မူဝါဒလိုအပ်ချက်များကို အတည်ပြုပြဌာန်းပေးခြင်း ၊ မူဝါဒများအား လမ်းညွှန်ထိန်းညှိခြင်းနှင့် ဝန်ထမ်းခန့်အပ်အတည်ပြုခြင်း တို့ကို ဆောင်ရွက်ပါသည်။ KSCC ၏ လုပ်ငန်းများ အနေဖြင့် လိုအပ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး မဏ္ဍိုင် အသီးသီးကို အတည်ပြုဖွဲ့စည်းခဲ့ပြီး ထိုမဏ္ဌိုင် ၃ ရပ်နှင့်လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ မူဝါဒနှင့်သက်ဆိုင်သောကိစ္စရပ်များသည် အတိုင်ပင်ခံကောင်စီ၏ အဆုံးအဖြတ်ဖြစ်ပြီး မဏ္ဍိုင်အသီးသီးက အတည်ပြုချက်ရယူပြီး ပြဌာန်းပါသည်။ 


ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအား ကြားကာလအစီအမံ အခန်း (၅)ပါ ပုဒ်မ (၃၃-ဂ) ပြဌာန်းချက်နှင့်အညီ စုပေါင်းခေါင်းဆောင်မှုဖြင့် ကြားကာလပြည်နယ်အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပြန်အလှန်ထိန်းညှိရန်၊  ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်၊ ပြည်နယ်အတိုင်ပင်ခံ ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အစီအမံများကို ဖော်ဆောင်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် အဖွဲ့ဝင် (၆) ဦးဖြင့်ဖွဲ့စည်းခဲ့သည်။ 


ကရင်နီပြည်ကြားကာလလွှတ်တော်အား အစီအမံ၊ ပုဒ်မ ၄၂၊ ပုဒ်မခွဲ (က) ပြဌာန်းချက်နှင့်အညီ ကရင်နီပြည် လွှတ်တော်နှင့် ပြည်နယ်၏ ဥပဒေပြုရေးအာဏာအား ကိုယ်စားပြုဆောင်ရွက်နိုင်ရန် ကရင်နီပြည် ကြားကာလ ဥပဒေပြုရေး ကော်မတီတစ်ရပ်ကို ၂၀၂၃ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ကရင်နီပြည် ကြားကာလအစီအမံအရ ဥပဒေပြုရေး ကော်မတီကို ပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာများသည် လွှတ်တော်တစ်ရပ်၏ အခွင့်အာဏာများနှင့် ညီညွှတ်နေခြင်းကြောင့်သော်လည်းကောင်း၊ နိုင်ငံ‌ရေး မဏ္ဍိုင်ကြီး (၃) ရပ်တွင် တစ်ခု အပါအဝင်ဖြစ်နေခြင်းကြောင့်သော်လည်းကောင်း ၂၀၂၃ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ၏ (၃၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ “ကြားကာလဥပဒေပြုရေး ကော်မတီ” ဟူသော စကားရပ် အစား “ကရင်နီပြည်နယ်ကြားကာလလွှတ်တော်” ဟု ပြောင်းလဲခေါ်ဆိုသွားရန်နှင့် ကြားကာလအစီအမံ တစ်စုံလုံးအား ပြန်လည်သုံးသပ် ပြင်ဆင်ပြီးသည့်အချိန်အထိ ကျင့်သုံးသွားရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။ 


ကရင်နီပြည်တရားစီရင်ရေးအား ကရင်နီပြည်၏  ကြားကာလအစီအမံ အခန်း (၈)၊ အပိုဒ် (၆၄)၊ ပိုဒ်ခွဲ (ဂ) နှင့် ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေး ဥပဒေ ပုဒ်မ (၇)၊ အပိုဒ်ခွဲ (ဃ) အရ ပြဌာန်းချက်နှင့် အညီ ကရင်နီပြည်၏ တရားစီရင်ရေးကို ဆောင်ရွက်ရန်အတွက် ကရင်နီပြည်နယ်တရားရုံးချုပ်အား ပြည်နယ်တရားသူကြီးများဖြင့် ဖွဲစည်းခဲ့သည်။ လက်ရှိတွင် ပြည်နယ်တရားရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများအဆင့်ဆင့်ဖွဲ့စည်းကာ အမှုများကို စစ်ဆေးဆောင်ရွက်စီရင်လျက်ရှိသည်။ 


ကရင်နီပြည်အတိုင်ပင်ခံကောင်စီသည်  အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ၏ နိုင်ငံခြားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဖယ်ဒရယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ကျန်းမာရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ပညာရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ မဟာဗျူဟာဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ CDM ထောက်ပံ့ရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီ များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။  အမျိုးသားညီညွှတ်ရေးအစိုးရမှဒုဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးများ ပြုလုပ်လျက်ရှိသည်။

Karenni State Consultative Council Introduction

On April 9, 2021, the Karenni State Consultative Council was established by the following institutions; 

(a)Ethnic Resistance Organizations 

(b)Political Parties 

(c) Karenni State Legislative Committee Members (Karenni State Interim Parliament)

(d)Youth organizations, Civil Society Organizations, Strike Committees

(e)Women Representative Organizations

The purpose is, in coordination with the Karenni people, to manage the interim state-level legislative, lawmaking, executive, administration, and judicial governance during the interim period to a federal democratic state, which includes restoring self-determination, protecting and promoting the traditions and cultures of ethnic groups in the Karenni State, and bringing Karenni people with social cohesion and solidarity for the peaceful development of the state. 

Find out more

အစီရင်ခံစာအနှစ်ချုပ်

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူလူထုသို့တင်ပြသော အစီရင်ခံစာအနှစ်ချုပ်

Download PDF

အစီရင်ခံစာအနှစ်ချုပ်

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၃ ) နှစ်ပြည့် ပြည်သူလူထုသို့တင်ပြသော အစီရင်ခံစာအနှစ်ချုပ်

Download PDF

လှုပ်ရှားဆောင်ရွက်မှုအနှစ်ချုပ်

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း ( ၄ ) နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုအနှစ်ချုပ်

Download PDF

Summary Factsheet

4th Anniversary of Kareni State Consultative Council (KSCC) Summary Factsheet

Download PDF

Copyright © 2025 kscc.karennistate.com - All Rights Reserved.

Powered by

This website uses cookies.

We use cookies to analyze website traffic and optimize your website experience. By accepting our use of cookies, your data will be aggregated with all other user data.

Accept